ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

      ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် သင်တန်းဆင်းကျောင်းသား/သူများနှင့် တွေ့ဆုံလမ်းညွှန်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လမ်းညွှန်အမှာ စကားပြောကြားရာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်သော ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ သင်တန်းဆင်း သူများဖြစ်သဖြင့် တိုင်းရင်းသားများကို စည်းစည်းလုံးလုံးရှိပြီး အရည်အချင်းရှိရှိ လေ့ကျင့်သင်ကြား ပျိုးထောင်ပေးခဲ့ပြီးဖြစ်သဖြင့် အစိုးရဝန်ကြီးဌာနများ၊ ဒေသအသီးသီး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ခွင့်ရရှိသည်မှာ ကံကောင်းကြပါကြောင်း၊ ကျောင်းသူ  ( ၄၀ ) ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရသဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တိုင်းပြည် တည်ဆောက်ရေးတွင် အရေးပါပါကြောင်း၊ မိမိဝန်ကြီးဌာန အနေဖြင့် UNCEDAW အပါအဝင် UN Convention များတွင် လက်မှတ်ရေးထိုးထားပါကြောင်း၊  Man , Money , Material များသည် အရေးပါပြီး  ၎င်းတွင် လူသားအရင်းအမြစ်သည် အရေးကြီးပါကြောင်း၊ လူငယ်များအနေဖြင့် အရည်အချင်းရှိမှ တိုးတက်အောင်ပြုလုပ်နိုင်မည်ဖြစ်သဖြင့် လူငယ်များအား လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းအိပ် ကျောင်းစားနေရသည့်အတွက် ညီအကို မောင်နှမအရင်းသဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် (၄၁) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၇) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၉ ခုနှစ်တွင် (၂၅) ဦး၊ ၂၀၂၁ ခုနှစ်တွင် (၃၃) ဦး စုစုပေါင်း (၁၉၁) ဦး မိမိဝန်ကြီးဌာနသို့ ရောက်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် Education ၊ Experience ၊  Explore ၊ Ethic စသည့်အချက်များသည် အရေးကြီးပါကြောင်း၊ ဘဝတစ်သက်သာအတွက် အသုံးကျပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှလာရောက် ဆုံတွေ့ကြသူများ ဖြစ်ပါသဖြင့် မတူကွဲပြားမှုများအား အားသာချက်ဖြစ်အောင် စည်းလုံးချစ်ခင်စွာ နေထိုင်ကြစေ လိုကြောင်း၊ မိမိနှင့် ဝန်ကြီးဌာန၊ မိမိနိုင်ငံတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အမှားအမှန်ဆင်ခြင်နိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ သင်ယူခဲ့သော်လည်း အတွေ့အကြုံသည်အရေးကြီးပါကြောင်း၊ ကိုယ်တိုင်လုပ်မှရမည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် အလုပ်စတင်ဝင်ရောက်သည့်အချိန်၌ အကြီးတန်း စာရေးရာထူး စတင်ရရှိ၍ အခွင့်အရေးများသဖြင့် အလုပ်အပေါ် တန်ဖိုးထားရမည် ဖြစ် ပါကြောင်း၊  တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးရှိ၍ မတူကွဲပြားမှုများ ရှိပါကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ်သည် အဓိကဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အခြေခံကောင်းများ ရှိနေသည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်အတွက် လူငယ်များသည် အရေးကြီးပါကြောင်း၊ လူငယ်များ၏စွမ်းအားဖြင့် တိုင်းပြည်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်မှုသည် အရေးကြီးပါသဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ပြီး ကျေးဇူးမမေ့သင့်ပါကြောင်း၊ ဝန်ထမ်းဖြစ်လာပြီဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ/နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ အမှားအမှန်အား စဉ်းစားချင့်ချိန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ကျေစွာ ဆောင်ရွက်ရန် လိုပါကြောင်း၊ မိမိဆောင်ရွက်သည့် လုပ်ငန်းအား စည်းကမ်းရှိရှိ၊ လေးလေးစားစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူငယ်များ အောင်မြင်တိုးတက် စေချင်ပါကြောင်း ပြောကြားပါသည်။

    ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားရာတွင် ကျောင်းဆင်း ကျောင်းသား/ သူများအနေဖြင့် ပညာအခြေခံရှိပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူသားချင်း စာနာထောက်ထားမှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအမျိုးမျိုးအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများအား သေချာသိပါကများစွာဂုဏ်ယူဖို့ ကောင်းပါကြောင်း၊ ဝန်ထမ်းဖြစ်လာပါက ဝန်ထမ်းကျင့်ဝတ်ရှိရန်လိုပါကြောင်း၊ လေ့လာရမည်ဖြစ်ပါကြောင်း၊ မိမိအဆင့်နှင့်အညီ လုပ်ဆောင် ရမည် ဖြစ်ပါကြောင်း၊ အဆင့်အလိုက် အလုပ်တာဝန်များအား ခိုင်း၍လုပ်သည်မဟုတ်ဘဲ အလုပ်အပေါ် စေတနာထား၍ လုပ်စေလိုပါကြောင်း၊ Emotion ကိုထိန်းနိုင်ရမည် ဖြစ်ပါကြောင်း၊ ရည်မှန်းချက်ထား၍ တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ခေါင်းဆောင် ကောင်းများဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် မိမိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည်များအား ဆင်ခြင်တုံတရားဖြင့် စဉ်းစားဆောင်ရွက်ကြစေ လိုပါကြောင်းပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်၊၊

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR