ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (2nd ASEAN Women Leaders’ Summit) အား Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံမှလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာဆီယံအမျိုးသမီးရေးရာကော်မတီ Focal Person နှင့်ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်Samdech Akka Moha Sena Padei Techo Hun Sen နှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

ထို့နောက် အစီအစဉ်အရ ဒုတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “Building A More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN” နှင့်စပ်လျဉ်း၍ Plenary Session တွင် အာဆီယံနိုင်ငံများ၏ အမျိုးသမီးရေးရာခေါင်းဆောင်များမှ Panelist  များ အဖြစ် ပါဝင်ဆောင်ရွက်၍ အတွေ့အကြုံနှင့်အမြင်များအား အသီးသီးဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံအနေဖြင့် ကျား/မတန်းတူညီမျှမှုရရှိရန်၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့်အခွင့်အရေးများကို ဖော်ဆောင်ပေးရန်အတွက် Sustainable Development Goal (SDG Goals) နံပါတ်(၅)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိအမျိုးသမီးများအားလုံးအမျိုးသားများနှင့်တန်းတူကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင် တန်းတူညီမျှပါဝင်နိုင်စေရန်၊အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မတန်းတူညီမျှရေး၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများများမှတားဆီးကာကွယ်ရေးလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုနိုင်ငံအဆင့်ဦးစီးဦးဆောင်လှုပ်ရှားဖော်ဆောင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီကိုဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံနှင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းCEDAWပါကတိကဝတ်များနဲ့အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးနယ်ပယ်(၁၂)ရပ်နှင့်အညီရေးဆွဲထားသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း -NSPAW (၂၀၁၃-၂၀၂၂)တို့ကိုအကောင်အထည်ဖော်လျက်ရှိပြီးNSPAW Phase II ၂၀၂၃-၂၀၃၂ ဆက်လက်ကို ရေးဆွဲသွားမှာဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကျား/မအခြေပြုအကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးအတွက် (၂၄)နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းကစတင်ခဲ့ပြီး သတင်းပေးပို့ တိုင်ကြားလာသူများအား လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်နဲ့အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊အမျိုးသမီးများ၏ စွန့်ဦးတီထွင်လုပ်ငန်းရှင်များပေါ်ထွက်ရေးနဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးမည့် စီးပွား‌ရေးလုပ်ငန်းများဖြစ်စေရန်အတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများသည် အရေးပါသည့်အတွက် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း(၁၁)ကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး အမျိုးသမီးများ၏စွမ်းရည်နှင့် အိမ်တွင်းမှုသက်မွေးပညာများတတ်မြောက်စေရန် သင်ကြားပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ကြောင့်စီးပွားရေးအပေါ်ထိခိုက်နိုင်ချေများကို လျှော့ချနိုင်ရန်အတွက် ကျေးလက်နေအမျိုးသမီးများ၏ ဝင်ငွေရတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အရှိန်မပျက်ပုံမှန်ရရှိစေရေးအတွက် ရှေ့ပြေးလုပ်ငန်းစီမံချက်အဖြစ်ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစီမံချက်ကိုရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များသည်ရေရှည်တည်တံ့၍ အားလုံးအကျုံးဝင်ပြီး ကြံ့ကြံ့ခံနိုင်သော အာဆီယံအသိုက်အဝန်းဖြစ်ပေါ်စေရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

အစီအစဉ်အရDeclaration on Building A More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ မှတ်ချက်ပြုဆွေနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး  ညီလာခံအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR