ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

  လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း ကော်မတီ၏ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်(၁၄:၀၀) နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လုပ်ငန်းကော်မတီဒုဥက္ကဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။                                                                                                                                                                               

    အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင်ကော်မတီအနေဖြင့် လူသားချင်းစာနာမှုကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သော ဒီဇင်ဘာလက ရခိုင်ပြည်နယ် မြို့နယ်(၈) မြို့နယ်သို့ ရောက်ရှိခဲ့ပြီး၊ ပြန်လည်လက်ခံရေးစခန်းများနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်မည့်နေရာများ၊ IDP စခန်းများသို့ သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ် တွေ့ရှိချက်များ အပေါ်တွင် လုပ်ငန်းကော်မတီအလိုက် ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ရမည့် အချက်များကိုလည်း ညှိနှိုင်းပေါင်းစပ်ကော်မတီက ဖြန့်ဝေပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများ၊ ၎င်းတို့၏ မူရင်းနေရပ်သို့ မိုးမကျမီ ပြန်နိုင်ရေးအတွက် ဝိုင်းဝန်း ကူညီပံ့ပိုးရေး၊ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရာတွင်  စာရင်းကျန်ရှိမှုများ မဖြစ်ရန် သေချာစွာစိစစ်ထောက်ပံ့ပေးရေး တို့အတွက် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများ၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊  လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာများ၊ လူမှုသဟဇာတဖြစ်မှုဆိုင်ရာများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း ရပ်များတွင်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များကို အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီ အလိုက် ဆောင်ရွက်ရမည့် အကြံပြုချက်များကို ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီက ညှိနှိုင်းသတ်မှတ် ပေးထားပြီးဖြစ်၍ အကြံပြုချက်များအလိုက် လုပ်ငန်းကော်မတီဝင်များက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ-အိန္ဒိယ MoUအရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တတိယနှစ် အတွက် အဆိုပြုလုပ်ငန်း စီမံကိန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအဆိုပြုလွှာများ ပြုစုဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရက စီမံကိန်း အဆိုပြုလွှာများ ပေးပို့လာပါက နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် အိန္ဒိယသံရုံးသို့ ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီဝင်များ အနေဖြင့် လုပ်ငန်းကော်မတီ၏ အဓိကတာဝန်ဖြစ်သည့် လူသားချင်း စာနာမှု အကူအညီ‌အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့် ပတ်သက် ၍ ရခိုင်ပြည်နယ်အတွက် ယခင်ကတည်းက ရေးဆွဲထားသော Rakhine Action Plan ကို ပြန်လည် လေ့လာပြီး မိမိတို့နှင့် သက်ဆိုင်သည့် စီမံကိန်း၊ စီမံချက်များကို Plan တွင်ပါဝင်သည့် အချက် များအပေါ် အခြေခံ၍ ဌာနအလိုက် လုပ်ငန်းအတွေ့အကြုံအလိုက် ပိုမိုကောင်းမွန်သော စီမံချက်များ ဖြည့်စွက်အကြံပြုပေးကြရန် ပြောကြားခဲ့ပါသည်။                       ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးအတွက် စခန်းများ ဖွင့်လှစ်ကာ လုပ်ငန်းအလိုက် စနစ်တကျ စုဖွဲ့ဆောင်ရွက်နေမှု အခြေ အနေများ၊ ဒေသတွင်းနေရပ်စွန့်ခွာနေရသူများကို ဦးစားပေးအလိုက် နေရာချထားမှုများ ဆောင်ရွက် ပေးနေမှု အခြေအနေများ ၊တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားပြီး ပြန်လည်ဝင်ရောက်လာသူများအား၊ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုအခြေအနေအပေါ် မူတည်ကာ လိုအပ်သော စိစစ်မှုများ ဆောင်ရွက်ပြီးမှသာ ပြန်လည်လက်ခံရေးအတွက် တင်ပြဆောင်ရွက်သွားရန် စီစဉ်ထားရှိ မှုများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က ပေးပို့လာသော ပြန်လည်ဝင်ရောက်လိုသူစာရင်းများအနက် ကနဦးစမ်းသပ်အစီအစဉ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို ဆွေးနွေး ပြောကြားပါသည်။                                                                                              ယင်းနောက်အစည်းအဝေး တက်ရောက်လာကြသော လုပ်ငန်းကော်မတီဝင်များ ဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့်  ပတ်သက်၍  ရေးဆွဲထားသည့် စီမံချက်များ၊ အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြပါသည်။                                                            တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေး ပြီးနောက် လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက ပြီးပြည့်စုံသော လုပ်ငန်းစီမံချက် ဖြစ် စေရေးအတွက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ထပ်မံဖြည့်စွက်ပေးပို့ကြပါစေလို ကြောင်း၊ လိုအပ်သောကြိုတင်ပြင်ဆင်မှုများကို ကော်မတီဝင်ဌာနများ အလိုက် စီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိ နှိုင်း ဆောင်ရွက်မှုယန္တရား ခိုင်မာအားကောင်းခြင်းဖြင့် ကော်မတီ၏ လုပ်ငန်းများပိုမို ထိရောက်နိုင် မည်ဖြစ်ပါကြောင်းတို့ကို နိဂုံးချုပ်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR