တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း ကော်မတီ (နိုင်ငံခြားရေးဝန်ကြီးဌာန)၏ ညှိနှိုင်းဆက်သွယ်ပေးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ DV Group စီးပွားရေးလုပ်ငန်းရှင် ဦးဝမ်ကျားဟွာ(ခ) ဦးမြင့်ဆွေက ငွေကျပ်သိန်း(၂၀၀၀) တန်ဖိုးရှိ ဆန်တန်ချိန် (၁၀၀)နှင့်ညီမျှသည့် ဆန်အိတ်ပေါင်း (၄၀၀၀)နှင့် Senachy Cooperation Co.,Ltd  မှ CHEIN CHWIN က ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ  ဆန်တန်ချိန် ၁၀ နှင့်ညီမျှသည့် ဆန်အိတ်ပေါင်း ၄၀၀၊ စုစုပေါင်း ဆန် ၄၄၀၀ အိတ်တို့ကို လှူဒါန်းခြင်းဖြစ်၍ အလှူရှင်များကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးခွဲဝေပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR