လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ်(၁၃:၀၀)နာရီတွင် ကျင်းပရာ လုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန့်ဇော်လွင်ဦးဆောင်တက်ရောက်ခဲ့ပါသည်။

          ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်နှစ်စဉ်ဇူလိုင်လ(၃၀)ရက်နေ့သည် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပြီး ယနေ့တိုက်တိုက်ဆိုင်ဆိုင် အစည်းအဝေးကျင်းပခြင်းဖြစ် ကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပုံမှန်ကျင်းပဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းကော်မတီဝင်ဌာနများ၊ အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများပိုမိုအားကောင်းလာပြီးလူကုန်ကူးခံရသူများ၏ အကောင်းဆုံးအကျိုးစီးပွားကို အချိန်နှင့်တပြေးညီ ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်ပါကြောင်း၊ လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆက်နွှယ်ဌာနများ၊ အဖွဲ့အစည်းများနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ လွှဲပြောင်းပို့ဆောင်လာသည့် လူကုန်ကူးခံရသူ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂၆)ဦး စုစုပေါင်း(၂၉)ဦးတို့ကို ရန်ကုန်၊ မန္တလေးနှင့် မြဝတီမြို့တို့ရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများတွင်လက်ခံစောင့်ရှောက်ခဲ့ပြီး မိဘရပ်ထံပြန်လည်အပ်နှံပေးခဲ့ရာတွင် ပူးပေါင်းပါဝင်မှုများအား ကျေးဇူးတင်ရှိပါကြောင်း၊လူကုန်ကူးခံရသူများကိုထိရောက်သော ကူညီစောင့်ရှောက်မှုများပေးခြင်း၊ လုံခြုံစိတ်ချစွာဖြင့် မိဘရပ်ထံပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းအပြင် ဂုဏ်သိက္ခာရှိစွာဖြင့် လူမှုစီးပွားဘဝ ပုံမှန်ရှင်သန်ရပ်တည်နေထိုင်နိုင်စေရန်အတွက်ဆက်နွှယ်ကဏ္ဍများအလိုက်အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ကလေးသူငယ်လူကုန်ကူးခံရသူများကိုလည်း နိုင်ငံတော်၏မူဝါဒနှင့်အညီ ပညာဆက်လက်သင်ကြားနိုင်စေရေး အထူးအလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

          ထို့နောက် လုပ်ငန်းကော်မတီ အစိုးရဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကာ လူကုန်ကူးခံရသူများအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍အားသာချက်၊အားနည်းချက်များ၊ ဆက်လက်ဆောင်ရွက်ရန်များအား ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR