၂၀၂၆ ခုနှစ်၊စက်တင်ဘာလ (၂၁)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ၊ တိုင်း ၊ ခရိုင်၊ မြို့နယ်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း (၂၀)ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ အောက်တိုဘာလ(၁)ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ် များနေ့အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အခမ်းအနား ကျင်းပနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပွဲကျင်းပရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ငန်းတာဝန်အသီးသီးအား သက်ဆိုင်ရာ ဦးစီးဌာနများသို့ ခွဲဝေချထား ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး
သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မိုးမြတ်က စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်
သက်ကြီးရွယ်အိုးများနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သော လုပ်ငန်းများကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်း များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ကြပြီး
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ
အစည်း အဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။













