၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၁၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ၁၈-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိအခြေခံပညာကျောင်းများအနက် (၂၉) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၇)ဦးတို့က “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင် ကြပါသည်။
အဆိုပါပန်းချီပြိုင်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီးပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။









