ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်သို့ရောက်ရှိနေသောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ဧရာဝတီတိုင်းဒေသကြီး၊ဝန်ကြီးချုပ်ဦးအေးကျော်နှင့်အတူတာဝန်ရှိသူများလိုက်ပါ၍စာရေးကွင်းကျေးရွာရွာဦးဘုန်းကြီးကျောင်းယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာငဝန်တာကျိုးပေါက်မှုကြောင့်လေးမျက်နှာမြို့၊ရပ်ကွက်၅ခုနှင့်ကျေးရွာ၉ရွာရှိအိမ်ခြေ၁၇၃၄လုံး၊အိမ်ထောင်စု၁၇၆၄စုမှလူဦးရေ၈၃၈၂ဦးတို့အတွက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဆန်ရိက္ခာဖိုးငွေကျပ်၄၁.၉၁၀သန်းနှင့်ခေါက်ဆွဲခြောက်၊ငါးသေတ္တာ၊ကြက်ဥနှင့်ရေသန့်စသည့်အခြေခံစားသောက်ကုန်များအတွက်တန်ဖိုးငွေကျပ်၄၁.၆၅၁သန်းကျော်၊စုစုပေါင်းတန်ဖိုးငွေကျပ်၈၃.၅၆၁သန်းကျော်အားလည်းကောင်း၊ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှစားသောက်ဖွယ်ရာများအားလည်းကောင်းအသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီးရေဘေးသင့်ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍လေးမျက်နှာမြို့နယ်အတွင်းငဝန်တာမိုင်တိုင်အမှတ်၂၅/၃၌သဲဗွက်တစ်ခုဖြစ်ပွားခဲ့ရာမှတာအလျားပေ၃၀ခန့်တွင်၅ပေနိမ့်ဆင်းပြီးအကျယ်၁၇၀ပေကျိုးပေါက်ခဲ့မှုကြောင့်မြို့တွင်းရေဝင်ရောက်မှုအခြေအနေ၊ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ဆောင်ရွက်မည့်အခြေအနေများကိုတာဝန်ရှိသူများကရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးမှလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်လေးမျက်နှာမြို့ပေါ်ရပ်ကွက်နေရာများတွင်လူနေအိမ်များအတွင်းရေဝင်ရောက်မှုအခြေအနေ၊သက်ဆိုင်ရာအဖွဲ့အစည်းများ၊လူမှုရေးအသင်းအဖွဲ့များကရေဘေးသင့်ပြည်သူများအားဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေမှု၊ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများအားလှည့်လည်ကြည့်ရှု၍လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR