ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ ၂၅.၆.၂၀၂၄ ရက်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် Gender CEDAW နှင့် NSPAW အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပရာ ဝေါမြို့နယ်အမျိုးသမီးကော်မတီဝင်များနှင့် အမျိုးသမီးများအရေးကို တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေသည့် တက်ရောက်သူ (၈၀)ဉီး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊
အတွင်းရေးမှူး၊ ပဲခူးတိုင်း လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက Gender CEDAW နှင့်
NSPAW အကြောင်းကို အသိပညာပေးခဲ့ပြီး တက်ရောက်သူများက
သိလိုသည်များ မေးမြန်းကာ ဆွေးနွေးပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။