လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာ၀န်ရှိသူများသည် (၁၃-၉-၂၀၂၄)ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ ချောင်းဖျားကြီး (အမက) စာသင်ကျောင်း၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ်အား ကြိုဆိုသောအနေဖြင့် မျိုးဆက်သစ်ကျောင်းနေ အရွယ်ကလေးများနှင့် လူငယ်များ ရေဘေးအန္တရာယ်အားသိရှိ၍ ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်မှု လျော့နည်းသက်သာစေရေးကိုအသင့်ဖြစ်စေရန်အတွက် ရေဘေးသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ တာ၀န်ရှိဌာနဆိုင်ရာ၀န်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ (အမက)ချောင်းဖျားကြီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာ အဖွဲ့အစည်းများနှင့် ကျေးရွာနေပြည်သူများကအတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်းအင်အား (၃၀၀) ဦး ပါ၀င်ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR