လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပေါက်တိန်းကျေးရွာအုပ်စု၊ ထုံးချောင်းကျေးရွာ၌ (၂၀-၁၀-၂၀၂၄) ရက်နေ့(၁၉:၀၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်လဲကျခဲ့သဖြင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ ဌက်ကျကျေးရွာအုပ်စု၊ ဌက်ကျကျေးရွာ၌ (၂၀-၁၀-၂၀၂၄) ရက်နေ့ (၁၉:၂၀)နာရီအချိန်တွင် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀,၀၀ဝ/-)၊ စုစုပေါင်းအိမ်ခြေ(၂)၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈)ဦးတို့အတွက်   ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၆၆,၈၀၀/-)ကျပ် အား (၂၁-၁၀-၂၀၂၄) ရက်နေ့(၁၄:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR