ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလ(၃)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းအခမ်းအနားကို (၁-၁၂-၂၀၂၄)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တကွ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်မသန်စွမ်းသူများနှင့် မိဘများစုစုပေါင်း(၂၅၀)ဦးတို့တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင်မီတာ ၅၀ လမ်းလျှောက်ပြိုင်ပွဲ ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် Softball ပစ်ပြိုင်ပွဲများကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်များအား ဆုတံဆိပ်များနှင့် ငွေသားဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR