လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အိမ်အမှတ်(၂၉)၊ ဘုရင့်နောင်လမ်း‌တွင် (၅-၂-၂၀၂၅) ရက်နေ့ (၁၄:၂၅) အချိန်၌ မီးကြွင်းမီးကျန်မှတဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၀၀၀၀ဝိ/-) ၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၀၅၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတန်ဖိုးငွေ (၁၂၃၁၇၈)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၃၆၇၈)ကျပ် တိတိအား (၇-၂-၂၀၂၅)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR