မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) တို့၏ ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးများကို  နေပြည်တော်ရှိ M-Gallery Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးများသို့ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်၊ ဉီးစံလွင်၊ အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊  အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၏ အမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များက In-person ဖြင့်လည်းကောင်း၊ အာဆီယံနိုင်ငံများမှ ACWC နှင့် ACW ကိုယ်စားလှယ်များက Online ဖြင့်လည်း ကောင်းတက်ရောက်ခဲ့ကြပါသည်။

(၁၁)ကြိမ်မြောက်အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်နှင့် အာဆီယံအမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရစ်တစ်နိုင်ငံမှ ACW (Women’s Rights) နှင့် မလေးရှားနိုင်ငံမှACW (Women’s Rights) တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အာဆီယံဒေသတွင်း လုပ်ငန်းစီမံချက် (RPA-EVAW)နှင့်  ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အာဆီယံ ဒေသတွင်းလုပ်ငန်းစီမံချက် (RPA-EVAC) အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ Gender Mainstreaming ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ 

(၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးတွင် ACW Myanmarက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ACWC Work Plan(2021-2025)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများ၊အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ Gender Mainstreaming ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ 

အဆိုပါ (၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးအား ၂၈.၁၁.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ (၁၆)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ အစည်းအဝေး+၃အားနေ့လယ်ပိုင်းတွင် လည်းကောင်း၊၂၉.၁၁.၂၀၂၄ရက်နေ့တွင် (၅)ကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့်အစည်းအဝေးကိုလည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။  




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်

MOS

DSW

DDM

DOR