လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီး ကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် (၂၃-၈-၂၀၂၄)  ရက်နေ့ (၁၈:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ခဲ့ သော အိမ်ထောင်စု (၄၅)စုမှ ရွှေ့ပြောင်းခဲ့သော ဘေးသင့်လူဦးရေ (၁၆၇) ဦးတို့အတွက်  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအား (၂၇-၈-၂၀၂၄)ရက်နေ့၊ ညနေ (၁၅:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့ရာ နေပြည်တော်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဦးဟန်သူ၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများပူးပေါင်း၍ ဘေးသင့်လူဦးရေ (၁၆၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃၅၀,၇၀၀/-) ကို ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR