လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၁-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ  သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ လေပြင်းဘေး‌ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများပြုလုပ်ပေးခဲ့ပြီး နေအိမ်အားမွမ်းမံပြင်ဆင်ပေးမှုနှင့်စပ်လျဉ်း၍ ကျေးရွာရပ်မိရပ်ဖ (၁) ဦးမှ online ဖြင့် ကျေးဇူးတင်စကား‌ပြောကြားခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR