၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် “ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်” အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၊ နံနက် (၀၉:၃၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၏ အဖွင့်အမှာစကားတွင် ယနေ့ကျင်းပသည့် “ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်”သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုဖြစ်ပါကြောင်း၊မြန်မာအမျိုးသမီးများ သည် နိုင်ငံ၏အရေးပါသောကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေရသည့်အပြင် မိသားစု၏ တာဝန်များကိုလည်း တာဝန်ယူဆောင်ရွက်နေကြသူများဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသဖြင့် နိုင်ငံ၏ကြီးမားသောအင်အားစုဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ၏ ကျန်းမာကြံ့ခိုင်ရေးသည် အလွန်အရေးပါကြောင်း၊ အမျိုးသမီးများကျန်းမာကြံ့ခိုင်စေရန်အတွက် နေ့စဉ် ကျန်းမာရေးအလေ့အကျင့်ကောင်းများကို ဆောင်ရွက်ကြရန်နှိုးဆော်ပေးခြင်းဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ စုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ အားကစားနည်းပြများက ဦးဆောင်၍ အခမ်းအနားတက်ရောက်လာသူများနှင့်အတူ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများပြုလုပ်ကာနံနက်(၁၁:၀၀)နာရီတွင်အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR