၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်၊ နံနက် ၁ဝ:၀၀ နာရီအချိန်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ နံနက် ၁ဝ:၀၀ နာရီအချိန်တွင် ခရိုင်အဆင့် သက်ကြီးရွယ်များဆိုင်ရာ ကော်မတီအစည်းအဝေးကို ကော်မတီဝင် (၁၆) ဦးဖြင့် ကျင်းပခဲ့ပါသည်။  သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကား ပြောကြားရာ တွင် သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် လည်းကောင်း၊ နည်းဥပဒေကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင်လည်းကောင်း အတည်ပြု ပြဌာန်းခဲ့ပါကြောင်း အဆိုပါဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် ကျန်းမာ‌ရေးနှင့် လူမှု‌ရေး စောင့်ရှောက်မှုများ ရရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီများကို အသီးသီးဖွဲ့စည်းပြီး  ဆက်စပ် ဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားပါကြောင်း‌ ပြောကြားခဲ့ပြီး ခန္တီးခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ပန်းစုကြည်မှ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များဖြစ်‌သော လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် သက်ကြီး ရွယ်အိုသက်သေခံကတ်ပြား ပြုလုပ်‌ပေးနိုင်ရန် စာရင်း‌ကောက်ယူမှု SMIS (Social Management Information System)စနစ်ထဲသို့ စာရင်းသွင်းနည်း အဆင့်ဆင့်၊ လုပ်ငန်းဆောင်ရွက်မှု အ‌ခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ သက်ကြီးရွယ်အိုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး နံနက် ၁၁း၁၅ နာရီအချိန်တွင် အစည်းအဝေး ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR