၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ်အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို၅-၉-၂၀၂၄ရက်နေ့နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိအခြေခံပညာအထက်တန်းကျောင်း(၃၉)ကျောင်းမှကျောင်းသား၊ကျောင်းသူ(၈၀)ဦးတို့က“အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊မျိုးဆက်သစ်တို့စွမ်းအားမြှင့်တင်စို့” ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြပါသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်နှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

၄င်းယှဉ်ပြိုင်သူများအနက်မှပထမဆု၊ဒုတိယဆု၊တတိယဆုရရှိသူများနှင့်ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများကို၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့၌ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR