‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတာသိန်းဇော် တို့သည် ယနေ့မွန်းလွဲ (၃)နာရီအချိန်ခန့်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများမှ ရုံးများဖွင့်လှစ်နိုင်‌ရေးအတွက် မြေနေရာရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေများ၊ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မြေဖြတ်၊ မြေညှိလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်မှုနှင့် ဘတ်ဂျတ်ထည့်သွင်းလျာထား ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ဝန်ထမ်းသစ်များခန့်ထားရာတွင် ဒေသခံ များဦးစားပေးခန့်ထားရန်လိုအပ်မည့်အခြေအနေများ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း တိုက်ပွဲရှောင်ပြည်သူများ၏ စားနပ်ရိက္ခာလိုအပ်မှုအတွက် ထောက်ပံ့ ကူညီပေးနိုင်မည့်အခြေအနေများ၊ ယာယီခိုလှုံရာစခန်းများပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဖြည့်စွက်ပံ့ပိုးကူညီရန်လိုအပ်မှုအခြေအနေများ၊ မူကြိုကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဖြည့်ဆည်းကူညီဆောင်ရွက် ပေးရမည့်အခြေအနေများနှင့်ပတ်သက်၍ အပြန်အလှန်ရင်းရင်းနှီးနှီး ညှိနှိုင်း တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR