၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မြို့တော်ခန်းမ၌  ၂၀. ၁၁. ၂၀၂၄ရက်၊ နံနက် ၉း၀၀ တွင် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အထိမ်းအမှတ်နေ့အခမ်းအနားတွင် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ဌာနငယ်သင်တန်းကျောင်း/မူကြိုကျောင်းများ၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းမှ ဧရိပ်မွန်အမျိုးသမီးပရဟိတဂေဟာနှင့် ပြည်လုံးချမ်းသာပရဟိတဂေဟာမှ ကလေးသူငယ်များ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။





နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR