ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့ နံနက် (၉:၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်အဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများကဥက္ကဋ္ဌများ၊အရပ်ဖက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့်တိုင်းဒေသကြီး/ ပြည်နယ်ကလေးသူငယ်ကော်မတီအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်အညီဖွဲ့စည်းခဲ့သည့် အမျိုးသားကော်မတီကို၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် အဖွဲ့ဝင် ၃၉ ဦးဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီကိုလည်း၂၃.၉.၂၀၂၃ ရက်နေ့တွင် အဖွဲ့ဝင်၄၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့တွင်လည်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်တိုင်းဒေသကြီး/ပြည်နယ်များတွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ မသန်စွမ်းကလေးသူငယ်များ၊ အမှုရင်ဆိုင်ဆဲရီမန်ကလေးသူငယ်များနှင့် တရားရုံးအသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များအတွက် လူငယ်သင်တန်းကျောင်းစုစုပေါင်း(၁၄)ကျောင်းကို ဖွင့်လှစ်ထားရှိပြီး ကလေးသူငယ် ၂၆၅၀ ဦးအား အတန်းပညာ၊ ကျောင်းပြင်ပပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ ကောင်းမွန်သောအလေ့အကျင့်ကောင်းများနှင့် Life Skill တို့ကို သင်ကြားပေးပြီး ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့နိုင်ရေးများဆောင်ရွက်လျက်ရှိပါကြောင်း၊ကလေးသူငယ်များ၏ ပြဿနာများကိုထိထိရောက်ရောက်ဖြေရှင်းပေးနိုင်ရန်အတွက်လည်း လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Case Management Information System- CMIS)အား အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးသူငယ်များ၊ဥပဒေနှင့်ငြိစွန်းသည့်ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုခြင်းခံရသူ ကလေးသူငယ်များ၊ ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များ၊ ဥပဒေနှင့် ငြိစွန်းသည့် ဖြစ်ရပ် (၆၉၉၀)ခု၊ ဥပဒေနှင့် မငြိစွန်းသည့်ဖြစ်ရပ်(၉၇၄)ခု စုစုပေါင်း (၇၉၆၄) ကို စနစ်တကျမှတ်တမ်းတင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရပ်ရွာအတွင်းရှိ ကလေးသူငယ်များကို စောင့်ရှောက်ထားသည့်ပရဟိတဂေဟာများတွင်အနိမ့်ဆုံးရှိရမည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီလက်ခံစောင့်ရှောက်ထားမှုအခြေအနေလေ့လာမှုသုတေသနကို ဆောင်ရွက်နိုင်ခဲ့ပြီး စာတမ်းမှရရှိလာသည့်ရလဒ်များဖြင့်ကလေးသူငယ်များ၏အကောင်းဆုံးအကျိုးစီးပွားအားဆောင်ရွက်ပေးနိုင်သည့်အပြင်ဂေဟာ/သင်တန်းကျောင်းများမှတာဝန်ရှိသူများ၊ ပြုစုစောင့်ရှောက်သူများအတွက် အထောက်အကူဖြစ်စေနိုင်မည်သာမကလူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတဂေဟာများအပေါ်ကြီးကြပ်ရေးလုပ်ငန်းစဉ်များတွင်လည်း ကောင်းစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃)၏အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေအားရှင်းလင်းတင်ပြခြင်း၊လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ(မူကြမ်း)များနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်းဖြစ်ပါသည်။ ထို့နောက်တက်ရောက်လာကြသောအမျိုးသားကော်မတီဝင်များမှ  အထွေထွေဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင်ဖြစ်ပွားသည့် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR