၂၀၂၆ခုနှစ် ၊ စက်တင်ဘာလ  (၃)ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်လူမှု ဝန်ထမ်းရုံးလက်အောက်ရှိ စစ်ကိုင်းမူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး၊ စစ်ကိုင်းမျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ စစ်ကိုင်းမူလတန်းကြို ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ ၊ပညာရေးဝန်ကြီးဌာနမှ အကဲဖြတ်ဒိုင်လူကြီးများ မိဘဆရာအသင်းအမှုဆောင်များ၊ ကျောင်းသားမိဘများ စုစုပေါင်း(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

   ပထမဦးစွာ အလတ်ဆင့် သားငယ်၊ သမီးငယ်လေးများမှ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခဲ့ပါသည်။ ၎င်းနောက် ၂.၉.၂၀၂၆ ရက်၌ ကျင်းပပြုလုပ်ခဲ့သော ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သော သားငယ်/ သမီးငယ်လေးများအား ဆုချီးမြှင့်ပြီး အငယ်တန်းသားငယ်၊ သမီးငယ်လေးများမှ ကဗျာရွတ်ဆို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အကြီးတန်းသားငယ်သမီးငယ်လေးများမှ စုပေါင်းသီချင်းဆိုခြင်း၊ ပုံပြင်ပြောခြင်းများ ယှဉ်ပြိုင်ခဲ့ကြပါသည်။                                                                              

    ဆက်လက်၍ ဆုရရှိသည့် သားငယ်/သမီးငယ်လေးများနှင့်  ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသော သားငယ်/သမီးငယ်များအား  တက်ရောက်လာသော ဌာနဆိုင်ရာခရိုင်ဦးစီးမှူးများမှ ပထမ၊ ဒုတိယ ၊တတိယနှင့် အထူးဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သားငယ်/သမီးငယ်လေးများမှ ပျိုလေးတို့ရွာ သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့၍ အခမ်းအနားအား နံနက် ၁၁:၃၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


                                                                                                                                                                                                                                              

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR