လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့သွားရောက်ကာ လူမှုဝန် ထမ်းဦးစီးဌာန၊ ပြည်မူလတန်းကြိုကျောင်းတွင် ရင်သွေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုပါသည်။ ကလေးငယ်များကို မူလတန်းကြိုဆိုင်ရာ ပညာရပ်များဖြင့် လေ့ကျင့်ပျိုးထောင်ပေးရာတွင် နည်းစနစ်မှန်ကန်စွာနှင့်ထိရောက်စွာ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အထောက်အကူများစွာဖြစ်စေသဖြင့် ပိုမိုအလေးထားလုပ်ဆောင်ပေးကြရန် မှာကြားပြီး ကလေးငယ်များကို ပဲနို့နှင့်မုန့်များ ပေးအပ်ကာ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးကို ကြည့်ရှုစစ်ဆေးပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့၊ သရေခေတ္တရာဘိုးဘွားရိပ်သာသို့ ဆက် လက်သွားရောက်ကာ အဖိုးအဖွားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုမေးမြန်းပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ပေးကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွက် လူမှုဝန်ထမ်းဦးစီး ဌာနက ထောက်ပံ့သည့် (၁)နှစ်စာ စားစရိတ်ထောက်ပံ့ငွေ၊ အဝတ်အထည်ဖိုးထောက်ပံ့ငွေနှင့် ဂေဟာမှူးလစာ၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၇၄)သိန်းကျော်ကို  ဂေဟာအုပ်ချုပ်ရေးမှူးနှင့် ဘိုးဘွားရိပ်သာ ကြီးကြပ်ရေးကော်မတီထံသို့ ပေးအပ်ထောက်ပံ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးနှင့်သိုလှောင်ရုံသို့သွားရောက်ပြီး ပြည်ခရိုင်အတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာနိုင်ငံတော်အစိုးရ၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီးဦးစီးဌာနအလိုက်၊ လုပ်ငန်းတာဝန်များအလိုက် ပြည်သူ့အကျိုးကို ကျေပွန်စွာရွက်ဆောင်ကြရန်နှင့်လုပ်ငန်းနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများရှိပါကလည်း အထက်အဆင့်ဆင့်သို့ တင်ပြပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ကြခြင်းဖြင့် မိသားစုသဖွယ်ရင်းနှီးနွေးထွေးသည့် လုပ်ငန်းခွင်ကို ဖေါ်ဆောင်တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း မှာကြားကာ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ပေးပါသည်။ ဆက်လက်၍ ကယ်ဆယ်ထောက်ပံ့ပစ္စည်း သိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ပစ္စည်းများ သက်တမ်းပြည့်သုံးစွဲထောက်ပံ့နိုင်ရေး၊ လေလွင့်ပျက်စီးမှုများ မဖြစ်ပေါ်ရန် ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်းထားရှိရေး၊ လုပ်ထုံးများနှင့်အညီဘေးသင့်သူများအား ထောက်ပံ့နိုင်ရေးတို့အတွက် လိုအပ်သည်များ မှာကြားခဲ့ပါသည်၊ ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ခေတ္တရာမြေမသန်စွမ်းကလေးများပြုစုပျိူးထောင်ရေးစင်တာသို့ သွားရောက်ကာ ကလေးများ အား ပြုစုလေ့ကျင့်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR