အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို (၂.၁၀.၂၀၂၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၂၁၈)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာ(၉)ခုသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆန်ဖိုးထောက်ပံ့ငွေများအား စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်မှ ပေးအပ်ခြင်း၊ အသက်အကြီးဆုံးဘိုးဘွား (၂)ဦးအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်မှ တစ်ဦးလျှင် အလှူငွေကျပ်သုံးသိန်းနှုန်းဖြင့် အလှူငွေများပေးအပ်၍ အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများ ဂါဝရလက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများက အကသီချင်းဖြင့်ဖျော်ဖြေခဲ့ပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားအတွက် Video Clip ပြသပြီးနောက် ဘိုးဘွားများ၏ကိုယ်စား မုံရွာဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။   

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR