အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို (၂.၁၀.၂၀၂၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၂၁၈)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာ(၉)ခုသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆန်ဖိုးထောက်ပံ့ငွေများအား စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်မှ ပေးအပ်ခြင်း၊ အသက်အကြီးဆုံးဘိုးဘွား (၂)ဦးအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်မှ တစ်ဦးလျှင် အလှူငွေကျပ်သုံးသိန်းနှုန်းဖြင့် အလှူငွေများပေးအပ်၍ အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများ ဂါဝရလက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများက အကသီချင်းဖြင့်ဖျော်ဖြေခဲ့ပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားအတွက် Video Clip ပြသပြီးနောက် ဘိုးဘွားများ၏ကိုယ်စား မုံရွာဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။   

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR