လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကရင်ပြည်နယ်ခရီးစဉ်တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ကရင်ပြည် နယ် အစိုးရ အဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ဘားအံခရိုင်ဦးစီးမှူးနှင့် ပြည်နယ်/ ခရိုင်ရုံးမှ ဝန်ထမ်းများသည် ဒုတိယဝန်ကြီးနှင့်အတူ လိုက်ပါလျက်  (၁၄.၈.၂၀၂၆)ရက်နေ့တွင်  မိုးသည်း ထန်စွာရွာသွန်း၍ သံလွင်မြစ်​ရေမြင့်တက်မှု​ကြောင့်​ အထက(၁) မြကြေးမှုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် အထက(၃) ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ပြောင်း​ရွှေ့​ရောက်ရှိခဲ့သည့်ရေ​ဘေးသင့်ထပ်တိုးအိမ်​ထောင်စု (၉၆)စု၊ လူဦးရေ စုစု​ပေါင်း (၄၁၂)ဦး တို့အတွက် ​ဆန်ရိက္ခာဖိုးထောက်ပံ့​ငွေ(၂
,၀၆၀,၀၀၀ိ/-)အားလည်းကောင်း၊ အဆိုပါ ယာယီ ကယ်ဆယ်ရေးစခန်း(၂)ခုရှိ အိမ်ထောင်စု (၂၄၈)စု၊ လူဦးရေ (၁၀၅၂)ဦးတို့အတွက် လူ(၁)ဦးလျှင် ခေါက်ဆွဲခြောက် (၁)ထုပ်နူန်းဖြင့် (၁၀၅၂) ထုပ်၊ ( တန်ဖိုးငွေ -၇၉၉,၅၂ဝိ/-)အားလည်းကောင်း၊ အိမ်ထောင်စု (၁)စုလျှင် ငါးသေတ္တာ(၁)ဘူး နူန်း ဖြင့် (၂၄၈)ဘူး၊(တန်ဖိုးငွေ-၃၁၀,၀၀ဝိ/-) အားလည်းကောင်း၊လူ(၁ )ဦးလျှင် ကြက်ဥ (၂)လုံး နူန်းဖြင့် (၂၁၀၄)လုံး၊( တန်ဖိုးငွေ -၁၁၉၉၂၈ဝိ/-)အားလည်းကောင်း၊(၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ​ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်တိုးပြောင်းရွှေ့ ရောက်ရှိလာသည့် အိမ်ထောင်စု (၃)စု၊ စုစုပေါင်းလူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၀၀ဝိ/-) အား ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR