မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်နှင့် အမျိုးသမီးအဖွဲ့များမှ တာဝန်ရှိသူများကIn person ဖြင့်လည်းကောင်း၊တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူးများက Online ဖြင့် လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီးကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း- NSPAW  (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ NSPAW လုပ်ငန်းကော်မတီ (၁၂)ရပ်က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကနဦးအစီရင်ခံစာနှင့် (၂)နှစ်လျှင် တစ်ကြိမ် အစီရင်ခံစာတင်သွင်းနိုင်ရေး၊ ကျား၊ မ ရေးရာလုပ်ငန်းစဉ်များအား ကဏ္ဍစုံတွင်ထည့်သွင်းခြင်း (Gender Mainstreaming) ဆောင်ရွက်နိုင်ရန် ခန့်အပ်ထားသည့် သက်ဆိုင်ရာဌာနများမှ Gender Focal Point များက လုပ်ငန်းဆောင်ရွက်မှုများအား(၃) လတစ်ကြိမ် အစီရင်ခံစာပြုစုတင်ပြရေးတို့ကို ဆွေးနွေးရန်ဖြစ်ပါကြောင်း၊တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့်ပုံမှန်အစီရင်ခံစာများတင်ပြနိုင်ရေး ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ အချက်အလက်များ ပိုမိုပြည့်စုံသည့် အစီရင်ခံစာများရရှိနိုင်ရန် သက်ဆိုင်သည့် ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ရှိသောအမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းတွင်တည်ရှိနေသည့်အတွက်  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့်ရေးဆွဲထားခြင်းဖြစ်၍ အမျိုးသား၊ အမျိုးသမီးအားလုံးသိရှိနိုင်ရန် အသိပညာပေးခြင်းများဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးကမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြခြင်း၊အစည်းအဝေးတက်ရောက်လာသည့်ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း - NSPAW တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ် (၁၂)ရပ်အနက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး/ ပြည်နယ်များ၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း NSPAW လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြခြင်းတို့ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ  အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR