လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (၂-၈-၂၀၂၄) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် အမှတ်(၂၊၄) ရပ်ကွက်တို့ရှိ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀/-)၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-)၊ စုစုပေါင်း (၁၇၉,၉၀၀/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁)စုစာ (တန်ဖိုးငွေ- ၁၀၄,၆၉၀/-)တို့အား (၈-၈-၂၀၂၄) ရက်နေ့၊ (၁၀:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM