တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏သက်ရောက်မှုကြောင့်ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက်အိန္ဒိယနိုင်ငံအစိုးရမှလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သော အစားအသောက်၊ အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်း၊တာပေါ်လင်နှင့်ဆေးဝါးများကိုအိန္ဒိယလေတပ်မှသယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့် ပေးပို့ခဲ့ရာနေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ယနေ့ညနေ(၁၆:၃၀)နာရီတွင် ဆိုက်ရောက်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Shri Abhay Thakur ကလူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တက်ရောက်၍ပစ္စည်းများလက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါ အိန္ဒိယလေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့် ခြင်ထောင်အလုံး (၁,၀၀၀)၊ အသင့်စားအစားအစာထုပ် (MRE)  အထုပ် (၃,၀၀၀)၊ မီးဖိုချောင်သုံးပစ္စည်းအစုံ (၅၀၀)၊ ဆိုလာမီးအိမ် (၁,၀၀၀)ခန့်၊ မီးစက် (၂)လုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ (Hygiene Kits) အစုံ (၄,၀၀၀)၊ ယာယီတဲ(၁၅)လုံး၊ ရေသန့်စင်ရေးဆိုင်ရာပစ္စည်းများဖြစ်သည့် ကလိုရင်းဆေးပြား၊ ပိုးသတ်ဆေး၊ Bleaching powderနှင့် ဆေးဝါးပစ္စည်းများစုစုပေါင်းပစ္စည်းတန်ချိန်(၃၀)ကျော်ပါရှိပြီး၊ အဆိုပါလူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အလားတူအစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများသယ်ဆောင်လာသောအိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ထပ်မံရောက်ရှိမည်ဖြစ်ပါသည်။

ထို့အပြင်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန(ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHACentre)မှထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃၇,၁၄၈.၉၅ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုသုံးမိုးကာတဲများ၊တာပေါ်လင်၊Shelter Repair Kit၊ရေသန့်စက်များနှင့်အခြားအရေးပေါ်သုံးပစ္စည်းများပါဝင်သောစုစုပေါင်းအလေးချိန်၅၉,၃၆၀ကီလိုဂရမ်ရှိပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၊အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)တို့ဖြင့် သယ်ဆောင်လျက်ရှိရာယနေ့တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့အသီးသီးဆိုက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်ရေဘေးဒဏ်သင့်သူများအတွက်အရေးပေါ်တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုမည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးမူဖြင့်ဆောင်ရွက်လျက်ရှိပြီးရောက်ရှိလာသောကယ်ဆယ်ရေးပစ္စည်းများကိုရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း

MOS

DSW

DDM

DOR