ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၄) ရက်နေ့၊ မနက် (၀၈:၀၀) နာရီအချိန်မှ (၀၉:၃၀) နာရီအချိန်အထိ ကသာမြို့၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်နေပြည်သူများအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့၌ စိုးရိမ်ရေအမှတ် (၁၀၄၀) စင်တီမီတာကိုကျော်လွန်၍ (၁၀၅၆)စင်တီမီတာသို့ရောက်ရှိနေသည့်အတွက် ဧရာဝတီမြစ်ရေကြီး ခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့်ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Source: DDM