ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို (၉.၉.၂၀၂၄) ရက်တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ ဥက္ကဌ၊ လူမှုရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်ကော်မတီဥက္ကဌက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR