လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၄)ရက်နေ့ မနက် (၁၀:၀၀) မှ (၁၂:၀၀) အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ မင်းကုန်းကျေးရွာ၊( အ.ထ.က) မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများမှ
အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀
)ဦး ခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအားအသိပညာပေးမျှဝေခဲ့ပြီး
လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာ တို့အား ဝေငှခဲ့ပါသည်။
Source : DDM