မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအတွင်းရှိသော မန္တလေးမြို့၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင်စောင့်ရှောက်ထားသော ကျောင်းသူများအနက်မှ (၁၀)ဦးအား အနီဃာသီလရှင် စာသင်တိုက်တွင် ၂၀-၁၂-၂၀၂၄ရက်မှ ၂၄-၁၂-၂၀၂၄ရက်အထိ(၅)ရက်တာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ခြင်းကို ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀-၁၂-၂၀၂၄ရက် ၊နံနက်(၁၀)နာရီ တွင်ဆံပယ်ခြင်းနှင့်တရာတော်နာခြင်းကိုလည်းကောင်း၊ သံဃာတော်(၅)ပါး၊ သီလရှင်ဆရာတော် (၅)ပါး၊ ကျောင်းတိုက်ရှိ သီလရှင်(၆၅)ပါးတို့အား နေ့ဆွမ်း နှင့် အချိုပွဲ (ရေခဲမုန့်၊ သီးနှံ၊ ကိတ်မုန့်) တို့ကို ကပ်လှူခြင်း၊ သံဃာတော်နှင့် သီလရှင်ဆရာတော်များကို ဝတ္တုငွေကျပ် ငါးသိန်းနှစ်သောင်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ သင်္ကန်း၊ ထီး၊ ဖိနပ်တို့ကိုလည်းကောင်း၊ သိမ်ထွက်သီလရှင်များကို ကျပ်တစ်သိန်းတိတိကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။ အလှူတော်မင်္ဂလာသို့ သံဃာတော်(၅)ပါး၊ သီလရှင်ဆရာတော်ကြီးနှင့်သီလရှင်များ (၇၅)ပါး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများမှ (၂၀)ဦး၊ စုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR