အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ(Small Development Projects-SDP)အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယနိုင်ငံ၏အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာရေးထိုးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပြုထားသည့် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း ၁၁ ကျောင်းအတွက်စက်ပစ္စည်းကိရိယာများထောက်ပံ့ခြင်းနှင့် ရန်ကုန်အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းအားအဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက  အဆိုပြုထားသည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် သင်ထောက်ကူပစ္စည်းများနှင့် သက်မွေးသင်တန်းပံ့ပိုးခြင်း နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ ၁၄း၀၀ နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ Deputy Chief of Mission က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  လူမှုဝန်ထမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်နှင့် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင် နိုင်ရန်အတွက်လည်းကောင်း၊မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက်လည်းကောင်း များစွာအထောက်အကူပြုသည့် နားလည်မှုစာချွန်လွှာများဖြစ်သော ကြောင့်အိမ်နီးချင်းအိန္ဒိယနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟုသတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR