လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၄) ရက်နေ့၊ နေ့လယ် (၀၂:၀၀) နာရီမှ (၀၅:၀၀) နာရီအချိန်အထိ မင်းဘူး(စကု)မြို့နယ်၊ ရွာသာကျေးရွာ၊ ကျွဲသိုးမျှောင်ကျေးရွာ၊ ထောက်ရှာပင် ကျေးရွာနှင့် တပင်ကျေးရွာတို့၌ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM