ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းအား (၂၂-၈-၂၀၂၄) ရက်နေ့မှ (၂၃-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်

လျက်ရှိရာ တပ်ကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ လက်ထောက်

ညွှန်ကြားရေးမှူးနှင့် တပ်ကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာ စကားပြောကြားခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း အား

(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် (၈) မြို့နယ်လုံး တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ စီမံကိန်းမြို့နယ်များမှ ဆန္ဒအလျောက် မ

သန်စွမ်းသူမှတ်ပုံတင်လက်မှတ် လျှောက်ထားလာသူ (၅၂၈၃) ဦးကို မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် စီမံကိန်းမြို့နယ်များအလိုက် ထပ်မံ လျှောက်ထားလာသည့် မသန်စွမ်း

သူများအားစိစစ်၍ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR