ဧရာဝတီတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂.၁.၂၀၂၅) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့  တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဥ်များနှင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအားကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်ပြီး ကော်မတီဥက္ကဌက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR