လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှကြီးမှူးပြီး အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို (၁၅.၈.၂၀၂၄) ရက်နေ့ မှ (၁၂.၉.၂၀၂၄) ရက်နေ့ထိ သင်တန်းသား(၃၀)ဦးဖြင့် မော်လမြိုင်မြို့၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (၁.၈.၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၃ဝ) နာရီအချိန်တွင် ကျင်းပခဲ့ရာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းမွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း မှတ်တမ်းဓာတ်ပုံများနှင့် ဖော်ပြအပ်ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR