လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၉-၈-၂၀၂၄) ရက်နေ့(၁၉:၀၀)
နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊
မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းတွင် တောဆင်ရိုင်း ၀င်ရောက်ဖျက်စီးမှုကြောင့်
တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၇) လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၅၀,၀၀ဝိ/-)၊ အိမ်ထောင်စု (၇) စုရှိလူဦးရေ (၂၅) ဦးတို့အတွက်
ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ
(၄၀၂,၅၀ဝိ/-) တို့အား (၅-၉-၂၀၂၄) ရက်နေ့ (၁၂:၅၁) အချိန်တွင်
ပြည်သူများ၏ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM