လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၂၄) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၅) နာရီအထိ တပ်ကုန်းမြို့နယ်၊ နွယ်ရစ် ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာရှိ အ.လ.က ကျောင်းဝန်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးဇော်မိုးလွင်၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လ/ ထ ညွှန်မှူး ဦးကျော်နိုင်ဦး၊ အမှတ် (၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တပ်ကုန်း) မှ ရဲအုပ် ဝေဖြိုးဦး၊ ရွှေမြို့နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထား၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေး နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် လ/ထညွှန်မှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များ ဟောပြောဆွေးနွေးခြင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထားမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လူငယ်နှင့်အနာဂတ်အကြောင်း ဟောပြောဆွေးနွေးခြင်း၊ လ/ထ ညွှန်မှူး ဦးကျော်နိုင်ဦးက စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ်အကြောင်း ရှင်းလင်းဟောပြောခြင်း၊ ရဲအုပ်ဝေဖြိုးဦးက လူကုန်ကူးမှုဆိုင်ရာပြစ်ဒဏ်များ ရှင်းလင်းဟောပြောခြင်းနှင့် ရဲအုပ်ထွန်းနိုင်ဝင်းက မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Source:  DDM

နောက်ဆုံးရသတင်းများ

မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR