လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၅) ရက်နေ့၊ (၁၄:၂၀) နာရီအချိန်၌ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာ၊ မြတ်လေးလမ်းသွယ်ရှိ အိမ်ပိုင်ရှင် ဦးဝင်းရွှေ၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂) ခန်းတွဲတွင် ငှားရမ်း နေထိုင်ကြသော ဦးလှိုင်မင်းသူနှင့် ဦးဝင်းနိုင်ထွန်းတို့အိမ်ရှိ ထမင်းပေါင်းအိုးတည်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံး (လုံးဝပျက်စီး)၊ အိမ်ထောင်စု (၂) စုမှ ကျား (၃) ဦး၊ မ(၇) ဦး၊ စုစုပေါင်း (၁၀) ဦးတို့ မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာတန်ဖိုး (၂၁၀၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး (၃၁၃၂၂၂/-)ကျပ် တို့အား (၈-၂-၂၀၂၅) ရက်နေ့၊ (၉း၃၀) နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR