ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိဝန်ကြီးဌာနများတွင်နေ့ကလေးထိန်းကျောင်းများဖွင့်လှစ်နိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခဲ့သည့်အသက်၆လမှ၃နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို၄-၁၀-၂၀၂၄ ရက်နေ့၊နံနက်၀၉:၃၀နာရီတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသူ၊သင်တန်းသားများတက်ရောက်ခဲ့ပါသည်။

ပထမဦးစွာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကယခုသင်တန်းသည်ဝန်ကြီးဌာနများတွင်နေ့ကလေးထိန်းကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် နေ့ကလေးထိန်းဆရာမများအနေဖြင့်သိသင့်သိထိုက်သည်များကိုစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသည့်သင်တန်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများတွင်နေ့ကလေးထိန်းများဖွင့်လှစ်ပေးနိုင်ခြင်းအားဖြင့်ရုံးဝန်ထမ်းမိခင်များအနေဖြင့်လုပ်ငန်းခွင်မပျက်လုပ်ငန်းများဆောင်ရွက်နိုင်ပြီးကလေးများကိုရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနည်းစနစ်များနှင့်အညီစနစ်တကျပြုစုစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ယခုဖွင့်လှစ်သည့်သင်တန်းသည် မိသားစုများအတွက် အလွန်အရေးပါပြီးအကျိုးရှိသည့်သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည်နိုင်ငံတစ်နိုင်ငံအတွက်အရေးကြီးသည့်လူသားအရင်းအမြစ်များဖြစ်သောကြောင့်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများကိုမိဘပြည်သူများမှလက်လှမ်းမီသိရှိနိုင်ရန်အလွန်အရေးကြီးပါကြောင်း၊ လူသားဘဝအစရက်(၁၀၀၀)ကာလသည် ကလေးများဖွံ့ဖြိုးမှုအတွက်အရေးကြီးသည့်အချိန်အပိုင်းအခြားဖြစ်ခြင်းကြောင့်နိုင်ငံများအားလုံးကအလေးပေးဆောင်ရွက်နေတာကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုအလျှင်မြန်ဆုံးနှင့်အားအကောင်းဆုံးကာလသည်အသက်(၃)နှစ်မပြည့်မီကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အာဟာရ၊ချစ်ခြင်းမေတ္တာ၊မှန်ကန်သောပြုစုစောင့်ရှောက်မှု၊ကောင်းမွန်သောပတ်ဝန်းကျင်တို့ဖြစ်ပေါ်စေခြင်းသည်လွန်စွာအရေးကြီးပါကြောင်း၊ ကလေးများအတွက်နွေးထွေးမှု၊လုံခြုံမှုရှိပြီးသင့်လျော်သော ဩပတ်ဝန်းကျင်ဖြစ်စေရန်၊ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊စာရိတ္တနှင့်ပေါင်းသင်းဆက်ဆံရေးတိုးတက်မှုများကိုအထောက်အပံ့ကောင်းများအဖြစ်ပံ့ပိုးပေးနိုင်စေရန်၊ကလေးတစ်ဦးချင်းစီအလိုက်အသက်အရွယ်နှင့်သင့်လျော်သည့်သင်ယူမှုများရရှိနိုင်စေရန်အလေးထားဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ကလေးပြုစုစောင့်ရှောက်မှုဆိုင်ရာနည်းလမ်းများကိုစဉ်ဆက်မပြတ်လေ့လာပြီးကလေးများဖွံ့ဖြိုးရေးအတွက် တက်ကြွစွာဆောင်ရွက်ပေးသူများဖြစ်အောင် ကြိုးပမ်းစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသူများကတစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးပြည်ထောင်စုဝန်ကြီးကသင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးခဲ့ရာသင်တန်းသူ(၁)ဦးကလက်ခံရယူခဲ့ပါသည်။ သင်တန်းသူများကိုယ်စားသင်တန်းသူ(၁)ဦးကကျေးဇူးတင်စကားပြောကြားခဲ့ပြီးသင်တန်းသူများကတေးသီချင်း၊ ကဗျာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့တက်ရောက်လာသူများကစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီးသင်တန်းသားများကိုယ်တိုင်ပြုလုပ်ထားသည့်လက်မှုပစ္စည်းများအားလှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာန၂၅ခုမှသင်တန်းသား(၂၈)ဦးတက်ရောက်ခဲ့ပြီးသင်တန်းကာလ(၂၀)ရက်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် ဂျီနီဗာမြို့ရှိကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)ရုံး၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးဖြစ်သူMs. Shoko Yasuda (Arakaki)အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများသို့ အိုးအိမ်ပြန်လည် ထူ‌ထောင်ရေးအတွက် ရံပုံငွေနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ပျဥ်းမနားမြို့နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူများသို့ အိုးအိမ်ပြန်လည်ထူ‌ထောင်ရေးအတွက် ရံပုံငွေနှင့် စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR