လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၄) ရက်နေ့မှ
(၁၁-၉-၂၀၂၄) ရက်နေ့အထိ ကျိုက်ထိုမြို့နယ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်း၍
တောင်ကျရေများစီးဆင်းပြီး ကဒတ် ချောင်းရေလျှံမှုကြောင့်
ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသော ကျိုက်ထိုမြို့နယ်၊ ကော့စနိုင်ရပ်ကွက်၊
တောရဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းတော်ကြီး
ကျောင်းဓမ္မာရုံများသို့
ယာယီပြောင်းရွှေ့ရောက်ရှိလာသော စုစုပေါင်းအိမ်ထောင်စု (၁၄၄) စု၊ လူဦးရေ (၅၃၉) ဦးအတွက်
(၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၁၃၁,၉၀၀ိ/-)
အား (၁၂-၉-၂၀၂၄) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM