ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ မအူကုန်ကျေးရွာတွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
၁၅ စက်တင်ဘာ ၂၀၂၄
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ
တာဝန်ရှိသူများသည်
ရေကြည်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊
မအူကုန်ကျေးရွာတွင်(၁၁-၉-၂၀၂၄)ရက်နေ့၌ ဖြစ်ပွားသောကမ်းပြိုဘေးကြောင့်
ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့်
နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ
(၃၀၀၀၀၀/-)၊ အိမ်ထောင်စု(၃)စုမှ စုစုပေါင်း လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ
(၂၁၀၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၂၁၀၀၀/-) အား(၁၃-၉-၂၀၂၄)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်
ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM