မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

              ဒုတိယဝန်ကြီးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တွင် လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းထားသည့်အနက် ပြန်လည်ထူထောင်ရေး အဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မူဝါဒနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းများ၊ နှီးနွှယ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲလူနာများအား စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ  သင်ကြားပေးခြင်း၊ နောက်ဆက် တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ဖြင့်  မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုများစွာ ထိခိုက်စေနိုင်ပြီး ကမ္ဘာနှင့်အဝှမ်း လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၄၄)ကြိမ်၊ သင်တန်းသား (၉၁၄)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်း(၁၉)ကြိမ်၊ သင်တန်းသား(၆၂၀)ဦးကို ပြန်လည်ထူထောင်မှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၂၉)ကြိမ်၊ သင်တန်းသား(၇၀၅)ဦးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို ဦးစီးဌာနရှိ ဝန်ထမ်းများအတွက် သင်တန်း()ကြိမ်၊ သင်တန်းသား(၁၁၀)ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အနေဖြင့်လုပ်ငန်းဆောင်ရွက်ချက်များအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သို့ တင်ပြလျက်ရှိပါကြောင်း၊  အစည်းအဝေး သို့ တက်ရောက်လာကြသည့် တာဝန်ရှိအဖွဲ့ဝင်များအနေဖြင့် မိမိဌာန၏ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိ သူများ က ကအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR