လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄) ရက်နေ့တွင်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဥ်းမနားမြို့နယ်ရှိ ဘေးသင့်လူဦးရေ
(၆,၃၀၅)ဦးအတွကိ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၃,၂၄၀,၅၀၀/-)၊ သေဆုံးလူဦးရေ (၆) ဦးအတွက်
ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-)၊ မျောပါနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅,၅၄၀,၅၀၀/-) တို့အား
(၁၉-၉-၂၀၂၄)ရက်နေ့တွင် သက်ဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM