လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၁-၁၀-၂၀၂၄)ရက်နေ့(၀၃:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၇)လုံး (လုံး၀ပျက်စီး)၊ (တစ်စိတ်တစ်ပိုင်းပျက်စီး) အိမ်ခြေ (၂၁)လုံး၊  အိမ်ထောင်စု (၂၈)စု၊ လူဦးရေ (၁၃၇)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၈၇၇၀ဝ/-)၊ အိမ်ခြေ(၇)လုံး (လုံး၀ပျက်စီး)အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၇၀၀၀၀ဝ/-)၊ (တစ်စိတ်တစ်ပိုင်း ပျက်စီး) အိမ်ခြေ(၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၅၀၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၇၅၃၇၄၆/-)၊ စုစုပေါင်း‌ထောက်ပံငွေကျပ် (၂၇၉၁၄၄၆/-)တို့အား (၂၃-၁၀-၂၀၂၄)ရက်နေ့ (၁၆:၃၀)အချိန်တွင် ပြည်သူများ၏ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR