အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးယာယီတာဝန်ခံနှင့် ကိုရီးယားသမ္မတ နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း အဖွဲ့ဝင်များနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ကူညီထောက်ပံ့ပေးရေးကွန်ရက် (Victim Assistance Network) တည်ထောင်ရာတွင် အထောက်အကူဖြစ်စေရန်၊ မိုင်းအန္တရာယ်ဆိုင်ရာ အစီအစဉ်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများအနေဖြင့် နိုင်ငံတကာမိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက်တို့ကို သိရှိနားလည်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် ထိခိုက်ခံစားနေရသူတို့၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတို့နှင့်စပ်လျဉ်းပြီး အားသာချက်၊ အားနည်းချက်တို့ကို ရှာဖွေဖော်ထုတ်၍ ပိုမိုကောင်းမွန်သော လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိုင်းအန္တရာယ် ထိခိုက် ခံစားရသူများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် စိတ်ပိုင်းဆိုရာထိခိုက်မှုများရှိပါကြောင်း၊ ယင်းသို့ ထိခိုက်မှုများကြောင့် ၎င်းတို့၏ မိသားစု၊ ပတ်ဝန်းကျင်အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုများရှိပါကြောင်း၊ အဆိုပါအခြေအနေများကို လိုက်လျောညီထွေဖြစ်နိုင်ရန် ၎င်းတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်လာစေရန် အထောက်အပံ့ပေးရေး လုပ်ငန်းအစီအစဉ်တို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော လက်နက်ပစ္စည်းတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြန်လည်ထူထောင်ပေး ခြင်းသည်ရေရှည် လုပ်ဆောင်ရမည့် ကိစ္စတစ်ရပ်ဖြစ်ပြီး ခွဲစိတ်ကုသခြင်း၊ ခွဲစိတ်ကုသပြီးနောက် နောက်ဆက်တွဲစောင့်ရှောက်ခြင်း၊ အထောက်အကူပြုပစ္စည်းကိရိယာများပံ့ပိုးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးဖြင့် ကုသခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် နာကျင်ခံစားမှုလျော့နည်းစေရန် ဆောင်ရွက်‌ပေးခြင်းစသည့် ဝန်ဆောင်မှုများ လိုအပ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အရေးကြီးသည့်အချက်ဖြစ်သည့် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှု၏ အခြေခံအချက်အလက်များ ရရှိရေးအတွက် ကွင်းဆင်းလေ့လာခြင်းကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသား ပြန်လည်သန်စွမ်းရေး‌ဆေးရုံ(ရန်ကုန်)၌ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်) ၌လည်းကောင်း ဆောင်ရွက်ခဲ့ပြီး မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ထိခိုက်ခံစားရသူများအား တွေ့ဆုံမေးမြန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများမှ ထိခိုက်ခံစားနေရသူများအတွက် ဝန်ဆောင်မှုပေးနေသူများနှင့် သွားရောက်တွေ့ဆုံခြင်း၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများအား တွေ့ဆုံမေးမြန်းခြင်း၊ အဖွဲ့လိုက်ဆွေနွေးခြင်းများကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့်အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲတွင် ကွင်းဆင်းလေ့လာတွေ့ရှိချက်များကိုအခြေခံ၍ ပေါက်ကွဲစေတတ် သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ခံစားနေရသူများအတွက် ပိုမိုကောင်းမွန်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံဒေသတွင်း မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) မှ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Rothnia Buthက အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာတွင် မိုင်း အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်းသည့် နိုင်ငံတကာ မိုင်းလှုပ်ရှားမှုစံသတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ ကွင်းဆင်းလေ့လာ တွေ့ရှိချက် များကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်သူများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးပရိဘောဂ ပစ္စည်းများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်း

MOS

DSW

DDM

DOR