မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ခြင်းလုပ်ငန်းတစ်ရပ်အနေဖြင့်မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ၂၇-၇-၂၀၂၆ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်ရှိအဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် မသန်စွမ်းသူများအနေဖြင့် လူမှုအသိုက်အဝန်းအတွင်းအမှီအခိုကင်းစွာရပ်တည်နေထိုင်စေရေးနှင့် ၎င်းတို့၏ဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့ကို  ရည်ရွယ်၍ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(၂) ကျောင်းကို  ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ထားပါကြောင်း၊ယခု ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဖွင့်လှစ်သည့်ကျောင်းသည် တတိယမြောက်ကျောင်းဖြစ်ပြီးအထူးလိုအပ်ချက်ရှိသည့်မသန်စွမ်းကလေးများနှင့် ကိုယ်အင်္ဂါမသန်စွမ်းကလေးများအားအထူးပညာရေးစနစ်ဖြင့်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(နေပြည်တော်)တွင် အသက်(၆)နှစ်မှ (၁၈)နှစ်ထိမသန်စွမ်းကလေးများအားဖွံ့ဖြိုးမှုနယ်ပယ် (၅)ရပ် ဖြစ်သောရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုများရရှိစေရေး လေ့ကျင့်သင်ကြားပေးခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ ကိုယ်တိုင်လုပ်ဆောင်နိုင်ရေး(Activities of Daily Living -ADL)အတွက် လေ့ကျင့်သင်ကြားပေးခြင်းနှင့် အထူးပညာရေး (Special Education)စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊တာဝန်ယူဆောင်ရွက်မည့်ဝန်ထမ်းများအနေဖြင့်လည်းစေတနာ၊ အကြင်နာ၊ ဝါသနာ၊ ကရုဏာ၊ အနစ်နာတို့ဖြင့်  မသန်စွမ်းကလေးများကိုမိမိတို့၏သားသမီးများကဲ့သို့ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းကလေးများ၏ သင်ယူနေမှုများ၊ လှုပ်ရှားဆောင်ရွက်မှုများလှည့်လည်ကြည့်ရှုပြီးမသန်စွမ်းကျောင်းသား၊ ကျောင်းသူများကိုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR