လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၅-၆-၂၀၂၄)ရက်နေ့၊ ကော့သောင်းမြို့၌ ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)ကျပ်၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀ဝိ/-) ကျပ်၊ အဆိုပါ ဘေးသင့်အိမ်ထောင်စုမှ လူဦးရေ (၇)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၄၇၀ဝိ/-) ကျပ်၊ စုစုပေါင်း(၃၆၄၇၀ဝိ/-)ကျပ်အား (၂၆-၆-၂၀၂၄)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM